n နွယ်နီဝင်း (နည်းပညာ)

Thursday, March 14, 2013

ဝါဆိုလပြည့်နေ့  ဓမ္မစင်္ကြာအခါတော်နေ့

ဝါဆိုလညြ့်ဆိုတာ  မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့ လေးတစ်နေ့ ပါ။ ကျေးဇူးတော်ရှင်
ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗု
ဒ္ဓအလင်းရောင်တွေ
 ထိန်လင်းခဲ့ပါတယ်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့  အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ်လေးပါ။


 (၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
 
 (၂ ) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )
 
 (၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ ) 
 (၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )
 
 (၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )


ဝါဆိုလပြည့်နေ့ ရာဇ၀င်

ဟိုးရှေးရှေးတုန်းက... မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသင်္ဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါတယ်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါတယ်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသင်္ဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့ မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့  အချိန်သုံးလသတ်မှတ်ခဲ့ပါတယ်။ အဲဒါကို ၀ါတွင်းသုံးလလို့  ခေါ်ပါတယ်။ အဲဒါကြောင့်မို့ ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသင်္ဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားပဲနဲ့  ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါတယ်တဲ့..

No comments:

Post a Comment